။ တန်ခူးလ သင်္ကြန်အတာလ ။

။ မြန်မာလအစ ပထမလဟာ တန်ခူးလပါ။ တန်ခူးလကို သင်္ကြန်ပွဲတော်ကျင်းပကြသောလဖြစ်ပါတယ်။တန်ခူးလဟာ နွေဥတုမှာပါဝင်ပါတယ်။ ရက်မစုံသတ်သောလဖြစ်ပါတယ်။နွေလဖြစ်၍ပူပြင်းပါတယ်။မိုးနည်းရေရှားပါးသောဒေသတွေမှာ ရေတွင်း၊ရေကန်တွေ ရေဆုတ်နေပြီး ” တန်ခူးရေကုန် ကဆုန်ရေခမ်း” ဆိုပြီးတော့ ဆိုစမှတ်ပြုကြပါတယ်။ ။ ” ရွှေတန်ခူး လေရူးဆော်တော့” ဆိုတဲ့စကားအတ်ုင်း၊တန်ခူးလမှာ လေရူးကလေးတွေ မူးမူးမိုက်မိုက်တိုက်ခိုက်နေပါတယ်။သစ်ရွက်တွေမှာ ပူပြင်းတဲ့နေအရှိန်တွေကြောင့် မြစိမ်းအရောင်မှ ရွှေဝါအရောင်သို့ ပြောင်းလဲသောလပါပဲ။ ကြည်နူးဖွယ်၊လွမ်းဆွတ်ဖွယ်သဘာဝအခြေအနေရှိတဲ့လလည်းဖြစ်တာကြောင့် ကောင်းကင်ပြင်မှာ မိုးသားတိမ်တိုက်တွေ မကန်းကြားကွက်လိုပဲ ပြန့်ကျဲနေပါတယ်။ ။ မိုးလည်းရွာသွန်းတော့မယ်ဟန်နဲ့ ပြင်ဆင်နေတဲ့လပါပဲ။နေမင်းဟာ အပြင်လမ်းကိုစွန့်ပြီး အလယ်လမ်းခရီးကို ကူးပြောင်းလို့ ကွန့်မြူးထွန်းပနေတဲ့လပါပဲ။ ။ အကိုင်းအညှောက် အဖူးအညွှန့်တွေနဲ့ စီရရီထွက်ပြူဖူးသစ်လျက်ရှိတဲ့ ချီချီကြွကြွဖူးပွင့်နေကြတဲ့ ငွေအဆင်းဆောင်တဲ့ကံ့ကော်ပင်မင်းတွေလည်း လေယူရာယိမ်းညွတ်ယိမ်းယိုင်ကိုင်းနေလျက်ပါပဲ။ ။ ကြည်လင်တဲ့ရေအလျဉ်၊နှစ်သက်ဖွယ်တသွင်သွင်စီးဆင်းနေတဲ့ မြစ်ကမ်းသဲသောင်စပ်မှာ ကျေးငှက်အပေါင်းတွေဟာလည်း အတောင်တွေဖြန့်ကာဝဲကာနဲ့ ဖိုမယှဉ်တွဲ ချစ်တင်းနွှဲကြလို့ပါပဲ။ ။ ဒါကြောင့် ဤတန်ခူးလကို … Continue reading ။ တန်ခူးလ သင်္ကြန်အတာလ ။